Delivery driver wearing a helmet and jacket, looking at a smartphone on a city street.

ဒစ်ဂျစ်တယ်

ကာကွယ်‌ရေးဆိုင်ရာ

အရင်းအမြစ်များ

သင် သို့မဟုတ် သင့်မိတ်ဆွေတစ်ဦးဦးက ဒစ်ဂျစ်တယ်နည်းနဲ့ နှောင့်ယှက်မှုတွေကို ကြုံတွေ့နေရပါသလား။

ကျွန်ုပ်တို့ရဲ့ ဒစ်ဂျစ်တယ်ကာကွယ်ရေးရင်းမြစ်များက ကျွန်ုပ်တို့ရဲ့သုတေသနလေ့လာချက်တွေအပေါ် အခြေခံပြီး အသေးစိတ်ကျတဲ့ အနှောင့်အယှက်/ပြဿနာတွေအတွက် ဖြေရှင်းနည်းတွေကို အကြံပြုထားပါတယ်။

၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ဥရောပသမဂ္ဂ(EU)က ရန်ပုံငွေထောက်ပံ့ထားတဲ့ “Pro-democracy platform advocacy” သုတေသနအစီအစဥ်ရဲ့ အစိတ်အပိုင်းအဖြစ် ကျွန်ုပ်တို့အဖွဲ့က မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က ဖယ်ကြဥ်ခံရထားရတဲ့ အုပ်စုများ (အမျိုးသမီးများ၊ LGBTQ+၊ လူမျိုး-ဘာသာရေး လူနည်းစုများနဲ့ ကျေးလက်ဒေသရှိ တက်ကြွလှုပ်ရှားသူများ) ကို ကိုယ်စားပြုတဲ့ ဒစ်ဂျစ်တယ်အခွင့်အရေး ထောက်ခံအားပေးသူတွေနဲ့ တက်ကြွလှုပ်ရှားသူ ၄၀ ဦးကို သူတို့ရဲ့ အသိုင်းအဝိုင်းတွေက ဒစ်ဂျစ်တယ်နှောင့်ယှက်မှုကို ခုခံနိုင်ဖို့ ဘယ်လိုလုပ်ဆောင်ခဲ့ကြောင်း မေးမြန်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ WITNESS ရဲ့ ပံ့ပိုးမှုနဲ့ ကျနော်တို့ရဲ့ သုတေသနရလဒ်တွေဟာ အဖြစ်များလေ့ရှိတဲ့ နှောင့်ယှက်မှု/ပြဿနာ‌တွေအတွက် ကိုက်ညီတဲ့ အကြံပြုချက်တွေအဖြစ် ရရှိခဲ့ပါတယ်။

ဥရောပသမဂ္ဂ(EU)က  ရန်ပုံငွေထောက်ပံ့ထားပါတယ်။ သို့ပေမဲ့ ဖော်ပြထားတဲ့ အမြင်တွေနဲ့ ထင်မြင်ယူဆချက်‌တွေဟာ ဥရောပသမဂ္ဂ(EU) သို့မဟုတ် ဥရောပသုတေသနအုပ်ချုပ်ရေးအေဂျင်စီ (European Research Executive Agency) နဲ့ သက်ဆိုင်ခြင်းမရှိဘဲ စာရေးသူတွေရဲ့ သဘောထားသာ ဖြစ်ပါတယ်။ ဒီယူဆချက်တွေအတွက် ဥရောပသမဂ္ဂ(EU) သို့မဟုတ် ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေမှာ တာဝန်မရှိပါဘူး။

အရင်းအမြစ်များ

သင့်ရဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်မဲ့ အကြုံပြုချက်တွေကို အောက်မှာ ဖော်ပြထားပါတယ်။ အရင်းအမြစ်အသစ်‌တွေ ထွက်ပေါ်လာတာနဲ့အမျှ ကျွန်ုပ်တို့ရဲ့ အကြံပြုချက်တွေကို ထပ်မံဖြည့်စွက်သွားပါမယ်။ ကျွန်ုပ်တို့ရဲ့ တယ်လီဂရမ် chatbot ကို ဆက်သွယ်ပြီးဖြစ်စေ၊ pdf ဗားရှင်းကို ဒေါင်းလုတ် လုပ်ပြီးဖြစ်စေ ကျနော်တို့ရဲ့ အကြုံပြုချက်တွေကို ရယူနိုင်ပါတယ်။

(Creative Commons Attribution-NonCommercial 4.0 International License)

သင့်ရဲ့အခက်အခဲတွေ

  • (က) အချက်အလက်တွေကို လူမှုကွန်ရက်မီဒီယာပေါ်၊ သို့မဟုတ် စာပို့ဆက်သွယ်တဲ့ ပလက်ဖောင်းတွေပေါ် ဖြန့်‌ဝေခဲ့ရင် - သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဖြန့်ဝေတဲ့ အကောင့်တွေနဲ့ သူတို့ဖြန့်ဝေတဲ့ အကြောင်းအရာတွေကို ပလက်ဖောင်းတွေဆီ report လုပ်ပါ၊ ဒါမှမဟုတ် သင် အွန်လိုင်းပလက်‌ဖောင်းတွေ  ကနေ ခေတ္တနားနေချိန်မှာ သင့်ရဲ့သူငယ်ချင်းတွေကို အကူအညီတောင်းပြီး report လုပ်ခိုင်းပါ။ (Facebook, Instagram, X, TikTok, YouTube, Telegram, Viber, Line)

    (ခ) သင့်ရဲ့ လူမှုကွန်ရက် အကြောင်းအရာတွေကို private ပြောင်းပါ။ (Facebook, Instagram, X, TikTok, YouTube)

    (ဂ) သင့်ရဲ့ အွန်လိုင်းအကောင့်တွေ (Facebook, Instagram, X, YouTube, Telegram, Viber, Line) အတွက် နှစ်ဆင့်ခံ လုံခြုံရေးစနစ် (multi-factor verification) ကို သုံးပါ။

    (ဃ) ပိုမိုလုံခြုံတဲ့ ဆက်သွယ်ရေး အက်ပလီကေးရှင်းတွေဖြစ်တဲ့ Signal, Proton Mail, Jitsi တို့ကို သုံးဖို့ စဉ်းစားပါ။

    (င) တာဝန်ရှိသူတွေကို အကြောင်းကြားဖို့ စဉ်းစားပါ။

  • (က) သင့်ရဲ့ ဟက်ခ်ခံရတဲ့ အကောင့် (Facebook, Instagram, X, TikTok, YouTube, Telegram, Line) ကို ပြန်လည်ရယူပါ။  

    (ခ) သင့်ရဲ့ အွန်လိုင်းအကောင့်‌တွေ (Facebook, Instagram, X, YouTube, Telegram, Viber, Line) အတွက် နှစ်ဆင့်ခံ လုံခြုံရေးစနစ် (multi-factor verification) ကို သုံးပါ။  

    (ဂ) ပိုမိုလုံခြုံတဲ့ ဆက်သွယ်ရေး အက်ပလီကေးရှင်းတွေဖြစ်တဲ့ Signal, Proton Mail, Jitsi တို့ကို သုံးဖို့ စဉ်းစားပါ။

  • (က) ခြိမ်းခြောက်တဲ့ မက်ဆေ့ချ်တွေ သို့မဟုတ် နှောင့်ယှက်တဲ့ မက်‌ဆေ့ချ်တွေနဲ့ ပို့တဲ့ အကောင့်တွေကို ပလက်ဖောင်းတွေ (Facebook, Instagram, X, TikTok, YouTube, Telegram, Viber, Line) ဆီ report လုပ်ပါ။

    (ခ) ခြိမ်းခြောက်တဲ့ အကောင့်တွေ သို့မဟုတ် နှောင့်ယှက်တဲ့ အကောင့်တွေ (Facebook, Instagram, X, TikTok, Viber, Line) ကို ဘလော့ခ်လုပ်ပါ။ 

    (ဂ) သင့်အွန်လိုင်းပလက်ဖောင်းတွေကနေ ခေတ္တနားနေချိန်မှာ သင့်ကိုယ်စား အထက်ပါအရာတွေကို လုပ်ဆောင်ဖို့ သင့်မိတ်ဆွေတွေကို အကူအညီတောင်းပါ။

    (ဃ) ခြိမ်းခြောက်တဲ့ ‌မက်ဆေ့ခ်ျတွေအတွက် - ပိုမိုလုံခြုံတဲ့ နေရာအသစ်ကို ရွှေ့ပြောင်းဖို့၊ သို့မဟုတ် သင်နေထိုင်ရာနေရာမှာ CCTV တွေကို တပ်ဆင်ဖို့ စဉ်းစားပါ။

    (င) တာဝန်ရှိသူတွေကို အကြောင်းကြားဖို့ စဉ်းစားပါ။

  • (က) တိုက်ခိုက်မှု‌တွေကို လှုံ့‌ဆော်နေတဲ့ အကောင့်တွေနဲ့ သူတို့ရဲ့ လှုံ့‌ဆော်စာတွေကို ပလက်‌ဖောင်းတွေ (Facebook, Instagram, X, TikTok, YouTube, Telegram, Viber, Line) ဆီ report လုပ်ပါ။

    (ခ) သင့်အွန်လိုင်းပလက်ဖောင်းတွေကနေ ခေတ္တနားနေချိန်မှာ သင့်ကိုယ်စား အထက်ပါအရာတွေကို လုပ်ဆောင်ဖို့ သင့်မိတ်ဆွေတွေကို အကူအညီတောင်းပါ။

    (ဂ) သင်နေထိုင်ရာ နေရာ‌တွေမှာ CCTV တွေကို တပ်ဆင်ပါ။

    (ဃ) ပိုမိုလုံခြုံတဲ့ နေရာတခုကို ရွှေ့ပြောင်းပါ။

    (င) တာဝန်ရှိသူတွေကို အကြောင်းကြားဖို့ စဉ်းစားပါ။

  • (က) သတင်းမှားတွေနဲ့ အဲဒီသတင်းမှားတွေကို ဖြန့်ဝေနေတဲ့ အကောင့်တွေကို ပလက်ဖောင်းတွေ (Facebook, Instagram, X, TikTok, YouTube, Telegram, Viber, Line) ဆီ report လုပ်ပါ။

    (ခ) သင့်အွန်လိုင်းပလက်ဖောင်းတွေကနေ ခေတ္တနားနေချိန်မှာ သင့်ကိုယ်စား အထက်ပါအရာတွေကို လုပ်ဆောင်ဖို့ သင့်မိတ်ဆွေတွေကို အကူအညီတောင်းပါ။

အခြားသူတွေရဲ့ အခက်အခဲတွေ

  • (က) အချက်အလက်တွေကို ဆိုရှယ်မီဒီယာပေါ် သို့မဟုတ် စာပို့ဆက်သွယ်တဲ့ ပလက်ဖောင်းတွေပေါ် ဖြန့်ဝေခဲ့ရင် - သင့်မိတ်ဆွေရဲ့ ကိုယ်‌ရေးကိုယ်တာ အချက်အလက်‌တွေကို ဖြန့်ဝေတဲ့အ‌ကောင့်တွေနဲ့ သူတို့ဖြန့်ဝေတဲ့ အကြောင်းအရာကို ပလက်ဖောင်းတွေဆီ report လုပ်ပါ။ သင့်မိတ်ဆွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်‌အလက်တွေကို ဆက်လက်ဖြန့်ဝေနေရင် သိရှိနိုင်ဖို့ အဲဒီအကောင့်တွေကို စောင့်ကြည့်ထားပါ။ သင်စိတ်ဖိစီးနေရင် အနားယူပါ။ (Facebook, Instagram, X, TikTok, YouTube, Telegram, Viber, Line)

    (ခ) သင့်မိတ်ဆွေကို အွန်လိုင်းပလက်‌ဖောင်းတွေကနေ ခေတ္တအနားယူဖို့ ပြောပါ။

    (ဂ) သင့်မိတ်ဆွေရဲ့ ဆိုရှယ်မီဒီယာ content တွေကို private ပြောင်းဖို့ ပြောပါ။ (Facebook, Instagram, X, TikTok, YouTube)

    (ဃ) သင့်မိတ်‌ဆွေကို အွန်လိုင်းအကောင့်တွေ  (Facebook, Instagram, X, YouTube, Telegram, Viber, Line) အတွက် နှစ်ဆင့်ခံ လုံခြုံရေးစနစ် (multi-factor verification) သုံးဖို့ ပြောပါ။

    (င) သင့်မိတ်ဆွေကို ပိုမိုလုံခြုံတဲ့ ဆက်သွယ်ရေး အက်ပလီကေးရှင်းတွေဖြစ်တဲ့ Signal, Proton Mail, Jitsi တို့ကို သုံးဖို့ ပြောပါ။   

    (စ) တာဝန်ရှိသူတွေကို အကြောင်းကြားဖို့ စဉ်းစားပါ။

  • (က) သင့်မိတ်‌ဆွေရဲ့ ဟက်ခ်ခံရတဲ့ အကောင့် (Facebook, Instagram, X, TikTok, YouTube, Telegram, Line) ကို ပြန်ယူဖို့ ပြောပါ။ 

    (ခ) သင့်မိတ်‌ဆွေရဲ့ အွန်လိုင်းအကောင့်‌တွေ (Facebook, Instagram, X, YouTube, Telegram, Viber, Line) အတွက် နှစ်ဆင့်ခံ လုံခြုံရေးစနစ် (multi-factor verification) ကို သုံးဖို့ ပြောပါ။

    (ဂ) သင့်သူငယ်ချင်းကို ပိုမိုလုံခြုံတဲ့ ဆက်သွယ်ရေး အက်ပလီကေးရှင်းတွေဖြစ်တဲ့ Signal, Proton Mail, Jitsi တို့ကို သုံးဖို့ ပြောပါ။

  • (က) ခြိမ်းခြောက်တဲ့ မက်ဆေ့ချ်တွေ သို့မဟုတ် နှောင့်ယှက်တဲ့ မက်‌ဆေ့ချ်တွေနဲ့ ပို့တဲ့ အကောင့်တွေကို ပလက်ဖောင်းတွေဆီ report လုပ်ပါ။ သင်စိတ်ဖိစီးနေရင် အနားယူပါ။ (Facebook, Instagram, X, TikTok, YouTube, Telegram, Viber, Line)

    (ခ) ခြိမ်းခြောက်တဲ့ အကောင့်တွေ သို့မဟုတ် နှောင့်ယှက်တဲ့ အကောင့်တွေ (Facebook, Instagram, X, TikTok, Viber, Line) ကို ဘလော့ခ်လုပ်ဖို့ သင့်မိတ်ဆွေကို ကူညီပေးပါ။

    (ဂ) သင့်မိတ်ဆွေကို အွန်လိုင်းပလက်ဖောင်းတွေကနေ ခေတ္တအနားယူဖို့ ပြောပါ။

    (ဃ) ခြိမ်းခြောက်တဲ့ ‌မက်ဆေ့ခ်ျတွေအတွက် - ပိုမိုလုံခြုံတဲ့ နေရာအသစ်ကို ရွှေ့ပြောင်းဖို့၊ သို့မဟုတ် သင့်မိတ်ဆွေနေထိုင်ရာ နေရာတွေမှာ CCTV တွေကို တပ်ဆင်ဖို့အတွက် ကူညီပေးဖို့ စဉ်းစားပါ။

    (င) တာဝန်ရှိသူတွေကို အကြောင်းကြားဖို့ စဉ်းစားပါ။

  • (က) တိုက်ခိုက်မှု‌တွေကို လှုံ့‌ဆော်နေတဲ့ အကောင့်တွေနဲ့ သူတို့ရဲ့ လှုံ့‌ဆော်စာတွေကို ပလက်‌ဖောင်းတွေဆီ report လုပ်ပါ။ သင့်မိတ်ဆွေကို ဆက်လက်တိုက်ခိုက်ဖို့ လှုံ့ဆော်နေရင် သိနိုင်ဖို့ အဲဒီအကောင့်တွေကို စောင့်ကြည့်ထားပါ။ သင်စိတ်ဖိစီးနေရင် အနားယူပါ။ (Facebook, Instagram, X, TikTok, YouTube, Telegram, Viber, Line)

    (ခ) သင့်မိတ်ဆွေကို အွန်လိုင်းပလက်‌ဖောင်းတွေကနေ ခေတ္တအနားယူဖို့ ပြောပါ။

    (ဂ) ပိုမိုလုံခြုံတဲ့ နေရာတခုကို ရွှေ့ပြောင်းဖို့၊ သို့မဟုတ် သင့်မိတ်ဆွေနေထိုင်ရာ နေရာတွေမှာ CCTV တွေကို တပ်ဆင်ဖို့ ကူညီပေးပါ။

    (ဃ) တာဝန်ရှိသူတွေကို အကြောင်းကြားဖို့ စဉ်းစားပါ။

  • (က) သတင်းမှားတွေနဲ့ အဲဒီသတင်းမှားတွေကို ဖြန့်ဝေနေတဲ့ အကောင့်တွေကို ပလက်ဖောင်းတွေဆီ report လုပ်ပါ။ သင့်မိတ်ဆွေအကြောင်း သတင်းမှားတွေကို ဆက်လက်ဖြန့်ဝေနေရင် သိနိုင်ဖို့ အကောင့်တွေကို စောင့်ကြည့်ထားပါ။ သင်စိတ်ဖိစီးနေရင် အနားယူပါ။ (Facebook, Instagram, X, TikTok, YouTube, Telegram, Viber, Line)

    (ခ) သင့်မိတ်ဆွေကို အွန်လိုင်းပလက်‌ဖောင်းတွေကနေ ခေတ္တအနားယူဖို့ ပြောပါ။

အခြား အလားတူ အရင်းအမြစ်တွေကို digisec.wiki မှာ လေ့လာနိုင်ပါတယ်။

PDF ဗားရှင်း

တယ်လီဂရမ် chatbot

ကျွန်ုပ်တို့ အဖွဲ့

Black and white illustration of a person with long hair and glasses, wearing a striped shirt and a blazer.

ဒေါက်တာ Mai Van Tran (နန္ဒာ)

နန္ဒာ ဟာ အရှေ့တောင်အာရှရှိ ဒစ်ဂျစ်တယ်ယဉ်ကျေးမှုများဆိုင်ရာ ဘာသာရပ်စုံ သုတေသနပညာရှင်တဦး ဖြစ်ပါတယ်။ သူ(မ) က ဘရပ်ဆဲလ်တက္ကသိုလ်(Vrije Universiteit Brussel)ရှိ Brussels School of Governance ရဲ့ ဒီဂျစ်တယ်ပြောင်းလဲမှု၊ ဒီမိုကရေစီနဲ့ တီထွင်ဆန်းသစ်မှုစင်တာ(Centre for Digitalisation, Democracy and Innovation)မှာ တာဝန်ထမ်းဆောင်နေပါတယ်။ လူမှုကွန်ရက် ပ‌လက်ဖောင်းအသစ်များ ပေါ်ပေါက်လာတာနဲ့အမျှ လူမှုဆက်ဆံရေး ပြောင်းလဲလာမှုများကို ဦးတည်ကာ စာတမ်းပြုစုသူ ဖြစ်ပါတယ်။

Black and white illustration of a person wearing a jacket.

ဒေါက်တာ Tuwanont Phattharathanasut

Tuwanont ဟာ Institute for Asian and African Studies, Humboldt-Universität zu Berlin မှာ ပါရဂူလွန်သုတေသီ အနေဖြင့် တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။ Tuwanont ရဲ့ သုတေသနလုပ်ငန်းစဉ်ဟာ နိုင်ငံရေးဆိုင်ရာလူမှုဗေဒ၊  လူငယ်ရေးရာ၊ တက်ကြွလှုပ်ရှားမှုပိုင်းဆိုင်ရာနဲ့ transnationalism များ ပေါင်းဆုံရာနေရာမှာ ရှိနေပြီး အဓိကအားဖြင့်တော့ အရှေ့အာရှနဲ့ အရှေ့တောင်အာရှမှာရှိတဲ့ transnational activist network တွေကို အထူးပြုလေ့လာနေတာ ဖြစ်ပါတယ်။ တွေ့ရှိချက်တွေနဲ့ပတ်သတ်ပြီး လက်ရှိကာလ လူမှု-နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုတွေအပေါ် ပိုပြီးကျယ်ပြန့်တဲ့ သက်ရောက်မှုတွေကို လေ့လာဖို့အတွက်လည်း ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ဆွေးနွေးမှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။

Black-and-white illustration of a man with a beard and mustache, wearing a sleeveless top.

Haymarn Soe Nyunt

Haymarn ဟာ လူမှုလှုပ်ရှားမှုတွေ၊ နေရပ်စွန့်ခွာရမှုတွေ၊ အလုပ်သမားအရေးတွေနဲ့ ပညာရေးပိုင်းဆိုင်ရာတွေကို အဓိကထားလေ့လာနေတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်၊ သုတေသီတစ်ဦး ဖြစ်ပါတယ်။ Hta Naung Institute မှာ သုတေသီအဖြစ် အလုပ်လုပ်ကိုင်နေပြီး Virtual Federal University (VFU) ရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှာ ပညာရေးနှင့် သုတေသန ကော်မတီဥက္ကဋ္ဌ ရာထူးကို ရယူထားပြီး၊ ရန်ကုန်တက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီ (UYUIC) ရဲ့ ကိုယ်စားလှယ်အဖြစ်လည်း ဆောင်ရွက်နေပါတယ်။ Haymarn ရဲ့ အရေးအသားတွေကို Tea Circle၊ Visual Rebellion၊ Equal Times နဲ့ IJBS အစရှိတဲ့ platform တွေမှာ ဖတ်ရှုနိုင်ပါတယ်။

Illustrated man in checkered shirt

Lewis Young

Lewis ဟာ လက်ထောက်သုတေသီတစ်ဦးအဖြစ် ၂၀၂၀ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ Covid-19 နှင့်ပတ်သတ်သော သတင်းတု သတင်းမှားများကို လူမှုကွန်ရက်များပေါ်မှတဆင့်စောင့်ကြည့် သတင်းပို့ခြင်း၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဖြစ်စဉ် အတွင်းမှ သတင်းများကို စောင့်ကြည့် လေ့လာခြင်းများပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ Intellectum Research Consortium မှာ တာဝန်ထမ်းဆောင်လျက်ရှိပြီး နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်မှု နှင့် အသွင်ကူးပြောင်းရေး သုတေသနများမှာ ဆက်လက်ပါဝင်လျက်ရှိပါတယ်။

Illustration of a person with glasses smiling, wearing a turtleneck sweater.

Nalinthip Ekapong

Nalinthip ဟာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ Graduate School of Asia-Pacific Studies, Waseda University ဘွဲ့လွန်ကျောင်းကနေ မဟာဘွဲ့ ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ အဓိကအားဖြင့် အရှေ့တောင်အာရှဒေသတွင်းက နိုင်ငံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးတွေနဲ့သက်ဆိုင်တဲ့ သုတေသနတွေကို လေ့လာနေသူတစ်ဦး ဖြစ်ပါတယ်။ 

Peosamnang Soth

Peosamnang ဟာ ကမ္ဘောဒီးယားနိုင်ငံမှ LGBTIQ+ ရေးရာ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပါတယ်။

Thanh Nguyen

Thanh Nguyen ဟာ ဒီဝဘ်ဆိုဒ်ကို ဒီဇိုင်းရေးဆွဲ ပြုစုခဲ့တယ်။ tnguyen.webflow.io မှာ သူရဲ့ ဖန်တီးမှုလက်ရာများအကြောင်း ပိုမိုလေ့လာပါ။